Get In Touch

စိတ်ကိုပိတ်ထားသူနဲ့ ဖွင့်ထားသူ (သို့) Fixed Mindset 🆚 Growth Mindset အကြောင်း's image

စိတ်ကိုပိတ်ထားသူနဲ့ ဖွင့်ထားသူ (သို့) Fixed Mindset 🆚 Growth Mindset အကြောင်း

Knowledge

စိတ်ကိုပိတ်ထားသူနဲ့ ဖွင့်ထားသူ (သို့)
Fixed Mindset 🆚 Growth Mindset အကြောင်း
 
Fixed Mindset ဆိုတာဘာလဲ❓

 ကိုယ့်စိတ်ကို အိမ်တစ်လုံးလို့ ‌မှတ်ယူကြည့်လိုက်ပါ။ Fixed Mindset ဆိုတာ အိမ်တံခါးကို ပိတ်ထားလိုက်တာနဲ့ တူပါတယ်။ ဒီလိုမျိုး ပုံသေစိတ်ထား ရှိသူတွေဟာ-

 ◾ ပါရမီရှင် အယူအဆကို လက်ခံသူတွေ ဖြစ်တယ်။ အရည်အချင်းဆိုတာ ကြိုးစားအားထုတ်မှုတွေ၊ ဇွဲလုံ့လရှိမှုတွေထက် မွေးကတည်းက ပါလာတာလို့ ယုံကြည်လက်ခံလေ့ရှိကြတယ်။

 ◾ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ရတာ မကြိုက်ဘူး။ နေသားကျပြီးသား လက်ရှိအနေအထားလေးကို ဆုံးရှုံးသွားမှာ ကြောက်တဲ့စိတ်ကြောင့် ကိုယ်သက်တောင့်သက်သာရှိတဲ့ ဇုန်လေးထဲမှာပဲ ပျော်မွေ့နေလေ့ရှိကြတယ်။

 ◾ အထိမခံ ရွှေပန်းကန်နဲ့တူတယ်။ အကြံပြုချက်တွေကို လက်ခံနိုင်စွမ်း မရှိဘူး။ ဝေဖန်ထောက်ပြမှုတွေကနေ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး တိုးတက်အောင် ကြိုးစားမဲ့အစား ဆင်ခြေပေးတုံ့ပြန်ဖို့သာ လုပ်‌ဆောင်တတ်ကြတယ်။

 ဒါဆို Growth Mindset ဆိုတာကရော❓

 အပေါ်က ဥပမာအတိုင်း စိတ်ကို အိမ်တစ်လုံးလို့ သတ်မှတ်မယ်ဆိုရင် Growth Mindset ရှိသူတွေက အိမ်တံခါး ဖွင့်ထားသူတွေနဲ့ တူပါတယ်။ ဒီလိုမျိုး တိုးတက်တဲ့စိတ်ထား ရှိသူတွေဟာ -

 ◾ ဘဝအတွေ့အကြုံတိုင်းကို သင်ယူမှု အခွင့်အလမ်းတွေအဖြစ် မှတ်ယူတယ်။ သင်ယူမှုဆိုတာ ဘဝတစ်လျှောက်လုံး ဆုံးခန်းတိုင်မဲ့ ဖြစ်စဥ် မဟုတ်ကြောင်း သိရှိလက်ခံထားကြတယ်။

 ◾ ကြိုးစားအားထုတ်မှုရဲ့ ရလဒ်ကို ယုံကြည်တယ်။ ကိုယ်ရည်ကိုယ်သွေး တိုးတက်ဖို့ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီး အရည်အချင်းနဲ့ ဗဟုသုတတွေကို အမြဲမပြတ် ဖြည့်ဆည်းနေတတ်သူတွေ ဖြစ်တယ်။

 ◾ ဝေဖန်အကြုံပြုချက်တွေကို တလေးတစား နား‌ထောင်ပြီး ကိုယ့်အတွက် အသုံးဝင်ရင် ယူတယ်၊ အသုံးမဝင်ရင် ပယ်ချတယ်။ အမှားလုပ်မိသွားရင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မဲ့အစား နောက်တစ်ခါ မမှားအောင် ပြင်ဆင်မွမ်းမံတယ်။

 ဒီလောက်ဆိုရင် Fixed Mindset 🆚 Growth Mindset ဘာတွေကွာခြားလဲဆိုတာကို သိရှိသွားလောက်ပါပြီ။ ဒီစိတ်ထား ၂ ခုအကြောင်းက လေ့လာမယ်ဆိုရင် လေ့လာစရာ အများကြီးပါပဲ၊ စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။

 အကယ်၍ အချိန်လည်းရမယ်၊ လေ့လာချင်စိတ်လည်း ရှိတယ်ဆိုရင်တော့ Growth Mindset အကြောင်း အမေရိကန် စိတ်ပညာရှင် Carol Dweck ပြောပြပေးထားတဲ့ အောက်ပါ ဗီဒီယီုလေးကို ကြည့်ရှုကြည့်ပါလို့ ညွှန်းဆိုပါ‌ရစေ။ 👇

 [https://youtu.be/_X0mgOOSpLU?si=f5yt_lItLoEH5W11]

ညီငယ် ညီမငယ်တွေ အားလုံးပဲ တိုးတက်တဲ့စိတ်ထား လက်ကိုင်ထားခြင်းဖြင့် ကိုယ်ရေးကိုယ်တာဘဝမှာရော၊ ပညာရေးနဲ့ အလုပ်ခွင်မှာပါ အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ 💙

စိတ်ကိုပိတ်ထားသူနဲ့ ဖွင့်ထားသူ (သို့) Fixed Mindset 🆚 Growth Mindset အကြောင်း

စိတ်ကိုပိတ်ထားသူနဲ့ ဖွင့်ထားသူ (သို့) Fixed Mindset 🆚 Growth Mindset အကြောင်း

Lorem ipsum dolor sit amet consectetur adipisicing elit. Animi voluptate hic alias consectetur natus magnam laboriosam quo illum adipisci mollitia recusandae aliquid id optio perferendis molestias, molestiae nemo, doloremque ex.

Related Articles

Chain

Read More

"အတန်းထဲမှာ မှတ်စုမြန်မြန်လိုက်ရေးမှတ်နိုင်ဖို့ရာ ဒါတွေသိထားပါ"။ 📣

"အတန်းထဲမှာ မှတ်စုမြန်မြန်လိုက်ရေးမှတ်နိုင်ဖို့ရာ ဒါတွေသိထားပါ"။ 📣 Skills တွေကို သင်ယူလေ့လာတဲ့အခါမှာ လိုအပ်တဲ့ Skill...

Chain

Read More

စာလေ့လာရင် အချိန်အကြာကြီးယူပြီး စာလုပ်ဖူးသူတွေရှိကြလား?

စာလေ့လာရင် အချိန်အကြာကြီးယူပြီး စာလုပ်ဖူးသူတွေရှိကြလား အချိန်ကြာကြာ စာလုပ်တဲ့အခါမှာ စာမရတဲ့အပြင် ခေါင်းတွေထူပူပြီးတော့...

Chain

Read More

အနာဂါတ်ကို မပြောင်းလဲနိုင်ပေမယ့် ကိုယ့်ရဲ့ အလေ့အကျင့်တွေကို ပြောင်းလဲခြင်းဖြင့် အနာဂါတ်ကိုလည်း ပြောင်းလဲဖန်တီးနိုင်ပါတယ်

ဘဝရဲ့ တိုးတက်အောင်မြင်မှုအတွက် အခြေခံအုတ်မြစ်တည်ဆောက်တဲ့အခါ ကိုယ့်ရဲ့ ရည်ရွယ်ချက်၊ အလေ့အကျင့်နဲ့ စည်းကမ်းတို့ဟာ...

Chain

Read More

စိတ်ကူးနဲ့ လက်တွေ့ 💭

စိတ်ကူးနဲ့ လက်တွေ့ 💭ကျောင်းသားတိုင်း ကြုံဖူးကြမယ်လို့ထင်ပါတယ်။ 🤔 စိတ်ကူးထဲမှာတော့ ဘယ်ဘာသာကို ဘယ်လိုကျက်မယ်၊...

Chain

Read More

ကိုယ့်ကလေးငယ်တွေရဲ့ အနာဂတ်ပညာရေးလမ်းကြောင်းအတွက် ဘယ်လောက်ထိသိထားပြီးပြီလဲ ❓

ကိုယ့်ကလေးငယ်တွေရဲ့ အနာဂတ်ပညာရေးလမ်းကြောင်းအတွက် ဘယ်လောက်ထိသိထားပြီးပြီလဲ ❓ မိဘတွေအနေနဲ့ ကိုယ့်သားသမီးရဲ့...

Chain

Read More

GED ကို ဘယ်နိုင်ငံက တက္ကသိုလ်၊ ကောလိပ်တွေမှာ အသိအမှတ်ပြုလက်ခံကြလဲ ❓

GED ကို ဘယ်နိုင်ငံက တက္ကသိုလ်၊ ကောလိပ်တွေမှာ အသိအမှတ်ပြုလက်ခံကြလဲ ❓ သင်ဟာ နိုင်ငံတကာပညာရေးလမ်းကြောင်းမှာ GED...

Chain

Read More

သင်က GED ပညာရပ်နဲ့အတူ ပြည်ပ ပညာရေးလမ်းကြောင်းမှာ လျှောက်လှမ်းလိုသူတစ်‌ယောက်လား

သင်က GED ပညာရပ်နဲ့အတူ ပြည်ပ ပညာရေးလမ်းကြောင်းမှာ လျှောက်လှမ်းလိုသူတစ်‌ယောက်လား ဒါပေမယ့် GED ပညာရေးလမ်းကြောင်းကို...

Chain

Read More

ကျောင်းသားတိုင်းအတွက် အန္တရာယ်ရှိတဲ့ အလေ့အကျင့်အချို့ ❕

ကျောင်းသားတိုင်းအတွက် အန္တရာယ်ရှိတဲ့ အလေ့အကျင့်အချို့ ❕ ကျောင်းသားဘဝဆိုတာ ကိုယ်ပိုင်ဘဝကို ရင်ဆိုင်နိုင်ဖို့အတွက်...

Chain

Read More

Life is all about experience ပါတဲ့။

Life is all about experience ပါတဲ့။ ဘဝမှာ တွေ့ကြုံရမယ့် အရာရာတိုင်းဟာ ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။...

Chain

Read More

နေ့စဥ်သင်ယူလေ့လာနေတာတွေက မှတ်မိဖို့လား၊ နားလည်ဖို့လား❓

နေ့စဥ်သင်ယူလေ့လာနေတာတွေက မှတ်မိဖို့လား၊ နားလည်ဖို့လား❓ တစ်ခုခုကို မှတ်မိသွားတယ်ဆိုတာ ရေတိုမှတ်ဥာဏ်လို့ပြောလို့ရပါတယ်။...

Chain

Read More

ကျောင်းသားတွေအတွက် စာလေ့လာလို့ အကောင်းဆုံးအချိန်တွေကိုသိလား ❓

ကျောင်းသားတွေအတွက် စာလေ့လာလို့ အကောင်းဆုံးအချိန်တွေကိုသိလား ❓ အထူးသဖြင့် ဦးနှောက်အတွက် အလုပ်လုပ်နိုင်ဆုံးနဲ့...