စာကျက်မှတ်ခြင်းနဲ့ပတ်သတ်ပြီး အယူအဆအလွဲများ
စာမေးပွဲ ဖြေခါနီး ဘဲဥ စားရင် အမှတ် သုည ရတတ်တယ်တဲ့ ဒီလို ရယ်စရာ ယုံတမ်းစကားလေးတွေ ကြားဖူးကြတယ်ဟုတ်❓
ဒီနေ့မှာတော့ စာကျက်မှတ်လေ့လာတာနဲ့ ပတ်သက်ရင် ကိုယ်တွေအမှန်လို့ ထင်ထားပေမဲ့ ယုံတမ်းစကားဖြစ်နေတဲ့ အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဖတ်ကြည့်သွားပါဦးနော်။
❌ အချိန်ကြာကြာ စာကျက်မှ စာရမယ်၊ စာတော်မယ်။
ငယ်ငယ်က ကိုယ်တွေ ပိတ်ရက်လေး ကစားနေပြီဆို စာမကျက်ဘူးလား စာတော်ချင်ရင် စာပဲ အမြဲလုပ်နေမှ ရမှာဆိုတဲ့ လူကြီးတွေရဲ့ စကားတွေကို ကြားလာရဖန်များတော့ စာတော်ဖို့ဆို စာအကြာကြီးလုပ်ရမယ်လို့ စိတ်ထဲ စွဲသွားတတ်ပါတယ်။ ဒါပေမယ့် လက်တွေ့ ဘဝ ကြီးပျင်းလာချိန်မှာ Study Hard ထက် Study Smart ဖြစ်ဖို့က ပိုအရေးကြီးပါတယ်။ ပိုအသုံးဝင်ပါတယ်။
အချိန်တိုတွင်း စာဘယ်လိုမှတ်ရမလဲ ဆိုတာကို အသေးစိတ်ဖတ်ချင်ရင်တော့ ဒီ Link လေးမှာ ဖတ်ကြည့်လိုက်ပါ။
https://www.facebook.com/share/p/vVoKXsty7sE9eDon/?mibextid=WC7FNe
❌ နောက်ဆုံးချိန်မှ ကပ်လုပ်တာက အချိန်ကုန်သက်သာပြီး ပိုရလဒ်ကောင်းတယ်။
ကျောင်းသား တော်တော်များများက One Subject One Night လုပ်တတ်ကြပါတယ်။ ဒါမှမဟုတ် လုပ်ခဲ့ဖူးပါလိမ့်မယ်။ တကယ်တော့ အနီးကပ်မှ စာကုန်းလုပ်တာက ကောင်းတဲ့ အလေ့အကျင့် မဟုတ်ပါဘူး။ ခဏတဖြုတ် မှတ်မိကောင်း မှတ်မိနိုင်ပေမဲ့ ခေါင်းထဲမှာ ရေရှည် စွဲမြဲနေမှာ မဟုတ်ပါဘူး။ သင်ယူမှတ်သားတယ်ဆိုတာ စာမေးပွဲအောင်ဖို့ စာရွက်ပေါ်မှာ ချရေးရုံမဟုတ်ဘဲ လက်တွေ့ဘဝမှာ အကျိုးရှိရှိ ပြန်အသုံးချနိုင်ဖို့ မဟုတ်ပါလား။
❌ သီချင်းနားထောင်၊ မုန့်စားရင်း စာလုပ်တာက ပိုမှတ်မိလွယ်တယ်။
ဒါကတော့ တစ်ဦးတစ်ယောက်ချင်းစီနဲ့ ဆိုင်မယ် ထင်ပါတယ်။ တချို့က တီးလုံးငြိမ့်ငြိမ့်လေးတွေနားဆင်ရင်း ကျက်မှတ်တဲ့အခါ ပိုမို မှတ်မိလွယ်တတ်ပေမဲ့ တချို့က တိတ်ဆိတ်နေမှ စာလုပ်တတ်သူတွေလည်း ရှိတာပဲ။ တချို့က တစ်ယောက်တည်း စာလုပ်ရင် စာပိုရသလို အဖွဲ့လိုက် စာစုလုပ်ရတာကို ပိုအားသန်သူတွေလည်း ရှိပါတယ်။ အဓိက ကိုယ့်ပုံစံနဲ့ ကိုက်ဖို့ပဲ လိုတာပါ။ သူများတွေ ပြောလို့ လိုက်လုပ်လည်း ကိုယ်အာရုံစိုက်မရရင် ဘာမှမထူးဘူးလေ။
❌ မှတ်စု ထုတ်စရာ မလိုဘူး၊ သိချင်တာတွေအကုန် ဖတ်စာအုပ်ထဲမှာ ရှိနေတာပဲ။
စာအုပ်ထဲမှာ အားလုံးရှိပေမဲ့ အားလုံးကို ၏သည်မရွေး အတိအကျ လိုက်ကျက်မှတ်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် အရေးကြီးတာတွေကို Highlight လုပ်၊ မှတ်စုထုတ် မှတ်သားခြင်းက ပိုအသုံးဝင်ပါတယ်။ လုပ်ဖို့လည်း ညီငယ် ညီမငယ်တွေကို တိုက်တွန်းပါတယ်။ အလွတ်ကျက်တာကို ချရေးတာထက် ကိုယ်နားလည်လိုက်တဲ့ ကိုယ်ပိုင်စကားနဲ့ ပြန်ရေးတာ၊ Mind Map ဆွဲတာမျိုးတွေက တကယ့်ကို ထိရောက်တဲ့ လေ့လာရေးနည်းလမ်းတွေပါ။

❌ စာမေးပွဲ မတိုင်ခင် စောစောကျက်ရင် စောစော မေ့မယ်။
ဒါလည်း အပေါ်ကအချက်မှာ ပြောထားသလိုပေါ့။ စာဆိုတာ အလွတ်ကျက်ရုံ ကျက်ရင်တော့ မေ့မှာပါပဲ။ အစောကြီး ကျက်ကျက် နောက်ကျမှ ကျက်ကျက် အနှေးနဲ့အမြန် မေ့တာခြင်းပဲ ကွာမှာပါ။ ဒါကြောင့် ဘာသာရပ်တစ်ခုကို လက်တွေ့အသုံးချချင်တယ်ဆိုရင် အလွတ်ကျက်တာထက် နားလည်သဘောပေါက်အောင် လေ့လာမှတ်သားတတ်ဖို့ လိုပါတယ်။
❌ စာလေ့လာတယ်ဆိုတာ အသက်ငယ်တုန်းပဲ ကောင်းတာ။
ဆိုရိုးလေး တစ်ခုရှိတယ်ဗျ။ အသက်နှစ်ဆယ်ပဲ ဖြစ်ဖြစ် အသက် ရှစ်ဆယ်ပဲ ဖြစ်ဖြစ် လေ့လာသင်ယူခြင်းကို ရပ်လိုက်တဲ့လူက အိုမင်းသွားတဲ့ လူပဲတဲ့။ သင်ယူလေ့လာနေသမျှ မအိုသေးဘူးလို့ ပြောချင်တာပေါ့လေ။ ပညာလို အိုသည်မရှိဆိုတဲ့ မြန်မာစကားပုံလည်း ရှိတယ်မလား။ လေ့လာသင်ယူခြင်းဆိုတာ ငယ်တယ်ကြီးတယ်ဆိုတာထက် ကိုယ် သင်ယူတတ်မြောက်ချင်တာကို လေ့လာနိုင်ချိန် လေ့လာခွင့်ရချိန်မှာ အမိအရ အပတ်တကုပ် သင်ယူကြိုးစားလိုက်ဖို့က အဓိကပါ။
🙌 ညီငယ် ညီမငယ်တို့ရဲ့ ပညာရေး လမ်းကြောင်းမှာ သင်ယူလေ့လာခြင်းနဲ့ ပတ်သတ်လို့ လိုအပ်တာမှန်သမျှကို Brightway ကနေ ကူညီဖြည့်ဆည်းပေးဖို့ အမြဲ အသင့်ရှိနေပါကြောင်း ပြောကြားရင်းနဲ့ ...