ကျောင်းသားတွေအတွက် စာလေ့လာလို့ အကောင်းဆုံးအချိန်တွေကိုသိလား ❓
အထူးသဖြင့် ဦးနှောက်အတွက် အလုပ်လုပ်နိုင်ဆုံးနဲ့ မှတ်မိနိုင်စွမ်းပိုကောင်းတဲ့ အချိန်တွေပေါ့။
ဥပမာ - ☀ မနက်ခင်းအစောပိုင်းတွေမှာ ဦးနှောက်က လန်းဆန်းပြီး စွမ်းဆောင်ရည်ပိုကောင်းပါတယ်။
ညကို စောစောအိပ်ပြီး မနက် (၄) နာရီကနေ (၇) နာရီလောက်ထိက စာလေ့လာလို့ အကောင်းဆုံးအချိန်ပါပဲ။
မနက် (၁၀) နာရီမှ နေ့လည် (၂) နာရီထိ ဒါမှမဟုတ် ညနေ (၄) နာရီမှ ည (၁၀) နာရီဝန်းကျင်အချိန်တွေကလည်း ဦးနှောက်အတွက် မှတ်နိုင်စွမ်းနဲ့ စွမ်းဆောင်ရည်ကောင်းတဲ့ အချိန်တွေပဲဖြစ်ပါတယ်။ ✅
📍 အကောင်းဆုံးအချိန်ကတော့ "Deep Focus" လုပ်နိုင်ဖို့အသင့်တော်ဆုံးဖြစ်တဲ့ မနက်အစောပိုင်းလို့ပြောရပါမယ်။
ဒီတော့ ညီငယ်၊ ညီမငယ်တို့အနေနဲ့ ဘယ်အချိန်တွေမှာ စာလုပ်ရအဆင်ပြေလဲဆိုတာပေါ်မူတည်ပြီး
အပတ်စဥ် Schedule ဆွဲပြီး Study Plan လေးတွေကို သေချာတည်ဆောက်စေချင်ပါတယ်။
ကိုယ့်ရဲ့ နေ့စဥ်ဘဝအတွက် စာလေ့လာလို့ အကောင်းဆုံးအချိန်ကို စီမံနိုင်ပြီး ပညာရေးလမ်းကြောင်းနဲ့ အနာဂါတ်ဘဝတက်လမ်းမှာ အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်ပါစေလို့ 𝐁𝐑𝐈𝐆𝐇𝐓𝐖𝐀𝐘 မှဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🙏