အချိန်တိုအတွင်း စာမြန်မြန်ရဖို့ နည်းလမ်း (၅) ချက်
စာတစ်ပုဒ်ရဖို့ကို ဘယ်လောက်ကျက်ကျက် တော်တော်နဲ့ မရနိုင်ဘူးဆိုတာမျိုး ကြုံဖူးကြတယ် ဟုတ်?
ကိုယ်လည်း ကျက်နေ မှတ်နေတာပဲ ဒါပေမဲ့ ခနလေးနဲ့ ပြန်မေ့သွဦးလိုက် ပြန်မှတ်လိုက်နဲ့ ဒီတစ်ပုဒ်နဲ့တင် အချိန်တော်တော်ကြာနေပြီဆိုရင်တော့ ဒါ တစ်ခုခုလွဲနေပါပြီ။
တခါတလေကျ ကျောင်းသားဘဝမှာ စာကျက်ချိန်တွေ အများကြီးထား စာကျက်တိုင်းလည်း စာတွေ အရမ်း ရလွယ်နေတာမျိုး မဟုတ်သလို သေချာတယ် အချိန်ကြာလာတဲ့အမျှ ခေါင်းတွေပူထူပြီး ငြီးငွေ စာမလုပ်ချင်တော့ပါဘူး။ ဒီလိုမဖြစ်ရလေအောင် စာကျက်တဲ့အခါ အချိန်တိုအတွင်းစာကိုမြန်မြန်ရစေပြီး စာကျက်စွမ်းရည်ကိုတိုးမြင့်ပေးနိုင်တဲ့အချက်တွေကို 𝐁𝐫𝐢𝐠𝐡𝐭𝐰𝐚𝐲 မှ ညီငယ် ညီမငယ်မျာအတွက် အောက်ပါအတိုင်းဖော်ပြပေးလိုက်ပါတယ်။
၁။ စာကျက်တဲ့အခါ စာကြည့်စားပွဲမှာ ထိုင်ကျက်ပါ
နေရာတစ်နေရာတည်းမှာပဲ အမြဲတမ်း စွဲစွဲမြဲမြဲကျက်တဲ့သူတွေဟာ နေရာတွေ ခဏခဏပြောင်းပြီး စာကျက်တဲ့သူတွေထက် စာပိုရ၊ စာပိုမှတ်မိစေပါတယ်။ အိပ်ရာပေါ်တို့၊ ဆိုဖာပေါ်တို့ဆိုတာ အိပ်မိသွားတာမျိုး ဘေးက စာအုပ်ယူဖတ်မိတာ TV ကြည့်မိတာမျိုး ဖြစ်တတ်တာမို့ စာလုပ်နေတယ်ဆိုတဲ့ စိတ်အပြည့်နဲ့ စာကြည့်စားပွဲမှာသာ သတ်သတ်မတ်မတ် ကျက်သင့်ပါတယ်။
၂။ အချိန်စာရင်း ပြင်ဆင်ရေးဆွဲပါ
ဘယ်ဘာသာရပ်တွေကို ဘယ်နေ့ဘယ်ရက်မှာ သင်ရိုးကုန်လေ့လာပြီး ပြန်လည်လေ့ကျင့်ခန်းလုပ်မယ်ဆိုတဲ့ ကိုယ်ရဲ့ Studying Process ကို အသေးစိတ် ရေးဆွဲပြင်ဆင်ထားသင့်ပါတယ်။ (ကိုယ်ရေးဆွဲထားတဲ့ Plan နဲ့အညီ လက်တွေ့အကောင်အထည်ဖော် ကျက်ဖို့တော့လိုအပ်တာပေါ့)
၃။ တစ်နာရီကျက် ၁၅ မိနစ်နား။
တောက်လျှောက်စာကျက်တာမျိုးထက် နားပြီးရင် ပြန်ကျက်တာမျိုးက စာကိုပိုမှတ်မိလွယ်စေပြီး ဦးနှောက်ကိုအနားပေးတဲ့ စာကျက်နည်းဖြစ်တဲ့အတွက် စာကျက်စွမ်းရည်ကိုတိုးတက်စေပါတယ်။
၄။ စာကို အသံထွက်ပြီး ကျက်ပါ
အသံထွက်ကျက်မှတ်လေ့ရှိသူတွေဟာ သူတို့ရဲ့ ဦးနှောက်ကတော့ မှတ်သားရမယ့် Input Data တွေကို မျက်စိနဲ့ Scan လုပ် မှတ်သားနိုင်ရုံသာမက အသံထွက်ပြီး ကျက်မှတ်တဲ့အတွက် နားနဲ့ပါ အသံကို မှတ်သားနိုင်တဲ့အတွက် အမြန်မှတ်မိလွယ်ပါတယ်လို့ ဆိုကြပါတယ်။
၅။ စိတ်ဖိစီးမှုများကို လျော့ချပါ
စာမကျက်ခင်မှာ စိတ်ကို ပေါ့ပါးကြည်လင်အောင်ထားပါ။ အိမ်က အဆူခံရပြီး စာဝင်ကျက်တာတို့ နေမကောင်းကိုယ်လက်မအီမသာဖြစ်နေချိန်မှာတောင် အတင်းဖိအားပေး ကျက်နေတာမျိုးက စိတ်နဲ့လူကို ပင်ပန်းစေပြီး ဘာမှလဲ ထိရောက်မှု ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် စာမကျက်ခင် ကိုယ်လက်လှုပ်ရှား အကြောဆန့်တာမျိုး၊ စိတ်ပျော်အောင် သီချင်းနားထောင်တာမျိုးလေး လုပ်ပြီးမှ စကြည့်ပါ။
ဒီအလေ့အကျင့်လေးတွေသာ ကိုယ့်မှာရှိထားရင် အချိန်တိုအတွင်းစာကိုမြန်မြန်ရစေပြီး ကိုယ်ရဲ့ ရှိရင်းစာကျက်စွမ်းရည်ကိုတိုးမြင့်လာမယ်ဆိုတာ အသေအချာပါပဲ။
ညီငယ် ညီမငယ်တွေ အားလုံး ကိုယ်ရည်ရွယ်ရာ အိပ်မက်ပန်းတိုင်တွေကို ဖြစ်မြောက်အောင် ကြိုးစား အကောင်အထည်ဖော်နိုင်ကြပါစေ။ 💙