Get In Touch

သင်ယူမှုအခွင့်အလမ်းတိုင်းအတွက် ခိုင်မာတဲ့လက်တွဲဖော်
အနာဂတ်ပညာရည်ထူးချွန်မှုဆီသို့ BRIGHTWAY နှင့်အတူ လျှောက်လှမ်းပါ

အောင်မြင်တဲ့ အနာဂါတ်ဆိုတာ အရည်အချင်းရှိရုံနဲ့တင် မလုံလောက်ပါဘူး။ မှန်ကန်တဲ့ အခွင့်အလမ်းနဲ့ ပံ့ပိုးကူညီမှုတွေလည်း လိုအပ်ပါတယ်။ BRIGHTWAY ရဲ့ 3S Program ဟာ ငွေကြေးအခက်အခဲကြောင့် ပညာသင်ယူလိုစိတ်ရှိတဲ့ ကျောင်းသား/သူတွေရဲ့အိပ်မက်တွေ ရပ်တန့် မသွားစေဖို့ ဖန်တီးပေးထားတဲ့ အထူးအစီအစဉ် ဖြစ်ပါတယ်။

1. Scholarship
(၁၀၀% ပညာသင်ဆု)

သင်ဟာ ထူးချွန်ထက်မြက်ပြီး ပညာရေးကို တစိုက်မတ်မတ် ကြိုးစားနေသူတစ်ယောက်ဆိုရင် သင့်ရဲ့ထူးချွန်ထက်မြက်မှုကို အရောင်တင်ဖို့ ရရှိမယ့်အခွင့်အရေး ဖြစ်ပါတယ်။

ပညာရေးမှာ ထူးချွန်ပြီး ရည်မှန်းချက်ကြီးမားတဲ့ ကျောင်းသား/သူများအတွက် 100% Full Scholarship ဖြစ်တဲ့ သင်တန်းကြေး (Tuition Fee) အပြည့်အဝကို BRIGHTWAY မှ ပံ့ပိုးကူညီပေးသွားမှာ ဖြစ်ပါတယ်။

အရည်အချင်းစစ်စာမေးပွဲ နှင့် လူတွေ့မေးမြန်းခြင်းများမှတစ်ဆင့် စနစ်တကျ ရွေးချယ်ပေးသွားမှာလည်း ဖြစ်ပါတယ်။

2. Study Grant
(ပညာသင်ထောက်ပံ့ကြေး)

သင်ဟာ ပညာရေးကို ဆက်လက်သင်ယူချင်ပေမယ့် ငွေကြေးအခက်အခဲရှိနေသူတစ်ယောက်ဆိုရင် သင့်ရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ရရှိမယ့်အခွင့်အရေး ဖြစ်ပါတယ်။

ပညာသင်ယူလိုစိတ်ပြင်းထန်တဲ့ ကျောင်းသား/သူများအတွက် Program တစ်ခုချင်းစီအလိုက် သတ်မှတ်ထားတဲ့ Study Grant များကို အတိုင်းအတာတစ်ခုအထိ BRIGHTWAY မှ ပံ့ပိုးကူညီပေးသွားမှာ ဖြစ်ပါတယ်။

3. Study Loan
(ပညာသင်ချေးငွေ)

သင်ဟာ နိုင်ငံတကာအဆင့်မီပညာရေးကို လက်လှမ်းမီနိုင်ရန် ကြိုးပမ်းနေသူတစ်ယောက်ဆိုရင် သင့်ရဲ့ကြိုးစားမှုကို ပြီးပြည့်စုံနိုင်ဖို့ အထောက်အကူရရှိမယ့်အခွင့်အရေး ဖြစ်ပါတယ်။

ငွေကြေးအလုံးအရင်း မစိုက်ထုတ်နိုင်သေးသူများအတွက် သင်တန်းကြေးကို အရစ်ကျစနစ် (Installment) ဖြင့် ပေးသွင်းနိုင်သော Study Loan အစီအစဉ်များကိုလည်း BRIGHTWAY မှ ပံ့ပိုးကူညီပေးသွားမှာ ဖြစ်ပါတယ်။

ပညာရေးအိပ်မက်တွေကို Brightway နဲ့အတူ အကောင်အထည်ဖော်ပါ

သင်တန်းများနှင့် 3S Program အသေးစိတ်ကို စုံစမ်းမေးမြန်းရန် ယခုပဲ ဆက်သွယ်လိုက်ပါ

Contact Us (ဆက်သွယ်ရန်)