စာလေ့လာရင် အချိန်အကြာကြီးယူပြီး စာလုပ်ဖူးသူတွေရှိကြလား
အချိန်ကြာကြာ စာလုပ်တဲ့အခါမှာ စာမရတဲ့အပြင် ခေါင်းတွေထူပူပြီးတော့ ငြီးငွေ့လာတတ်ပါတယ်။
ဒီတော့ အချိန်တိုအတွင်းမှာ မှတ်မိလွယ်အောင် ဘယ်လိုစာလေ့လာရမလဲဆိုတာကို ပြောပြပေးပါ့မယ်။
စာလုပ်မယ့် နေရာကို သေချာရွေးချယ်ပါ။
(တိတ်ဆိတ်ပြီး အာရုံစိုက်လို့ကောင်းတဲ့ ကိုယ်ပိုင် Space လေးတစ်ခုထားရှိပြီး စာကြည့်စားပွဲလိုမျိုးနေရာမှာ ပုံမှန်လုပ်နိုင်ရင် အကောင်းဆုံးပါပဲ)
အချိန်စာရင်းလေးတစ်ခု စီစဥ်ကြည့်ပါ။
(စိတ်ပါတဲ့အခါမှ ထလုပ်တာထက် နေ့စဥ်အချိန်မှန်မှန်လေ့လာတာက အများကြီးပိုထိရောက်စေပါတယ်)
စာဖတ်နည်းလမ်းကို အသုံးချပါ။
(အပေါ်ယံဖတ်ရှုခြင်း (Skimming) နည်းလမ်းနဲ့ နားလည်သဘောပေါက်အောင် ဖတ်ကြည့်ပြီးမှ မှတ်မိအောင်ဖတ်ရှုခြင်း (Memorizing) နည်းလမ်းကို အသုံးပြုပြီး စာလေ့လာသင့်ပါတယ်)
စာကို အသံထွက်ဖတ်ကြည့်ပါ။
(ကိုယ်ဖတ်နေတဲ့ စာတွေကို နားကနေပြန်ကြားရတဲ့အခါ သာမန်ထက်ပိုပြီး မှတ်မိစေနိုင်ပါတယ်)
အာရုံစိုက်နိုင်စေဖို့ တစ်ခုခုစီစဥ်ထားပါ။
(ချောကလက်တွေ၊ အသီးအနှံတွေစားသုံးပေးတာမျိုးအပြင် စိတ်ငြိမ်စေတဲ့ Study Music လေးတွေဖွင့်ပြီး အာရုံစူးစိုက်မှုအပြည့်နဲ့ စာလေ့လာကြည့်ပါ)
ဒီတော့ အချိန်အကြာကြီး စာလုပ်မယ့်အစား အချိန်တိုအတွင်းမှာ မှတ်မိလွယ်အောင် ကြိုးစားလေ့လာနိုင်ကြပါစေ။