
GED (General Educational Development) Program ဆိုတာ
American High School Diploma အဆင့် လက်မှတ်ဖြစ်ပြီး အမေရိကန်အထက်တန်းပညာရေးပြီးစီးမှုနဲ့
ညီမျှတယ်လို့ အသိအမှတ်ပြုတဲ့လက်မှတ်ဖြစ်ပါတယ်။
နိုင်ငံတကာမှာဆိုရင်လည်း GED Certificate လက်မှတ်ရထားတာက
Grade-12 အောင်မြင်ပြီးမြောက်ထားတာနဲ့ တူညီတယ်လို့
သတ်မှတ်ကြပါတယ်။
ဒါ့အပြင် GED ဟာ အထက်တန်းကျောင်းဒီပလိုမာအတွက် အစားထိုးစာမေးပွဲတစ်ခုအဖြစ် သိရှိကြပြီး နိုင်ငံတကာမှာ GED Exam ကို ဖြေဆိုခဲ့ကြတဲ့ ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း သန်း(၂၀) ကျော်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အထူးသဖြင့် GED ဟာ ကုန်ကျစရိတ်အသက်သာဆုံး၊ အချိန်ကာလအတိုတောင်းဆုံးနဲ့ High School Diploma ရနိုင်တဲ့ ပညာရေးလမ်းကြောင်းတခုလည်း ဖြစ်ပါတယ်။
GED Program ကို ဘယ်လိုလူတွေတက်ရောက်သင့်လဲ?
အခြေနေအမျိုးမျိုးကြောင့် အထက်တန်းပညာရေး မပြီးဆုံးသေးတဲ့သူတွေ
အချိန်တိုတိုအတွင်း အထက်တန်းအောင်လက်မှတ်ရယူပြီး ပြည်ပမှာ ကျောင်းတက်ချင်တဲ့သူတွေ
အခြားပညာရေးလမ်းကြောင်းမှ GED ကိုပြန်ပြောင်းတက်ချင်သူတွေ
BRIGHTWAY ရဲ ့ GED Program ဆိုတာ?
GED အတန်းလေးကို ၆လ နဲ့ ၉လ ဆိုပီး ၂ မျိုး စီစဉ်ပေးထားပါတယ်။
၆လ အတန်လေးက Daily Learning ကိုမှ အပတ်စဥ် Reviewing ပုံစံနဲ့ သင်ကြားပေးခြင်း
၉ လ အတန်းလေးက ၆ လကို Intensive ၃ လ ထပ်ပေါင်းထားတဲ့ အတန်းဖြစ်ပြီး ထို ၃ လမှာ GED exam ဖြေခါနီး အမှတ်တွေကောင်းအောင် မေးခွန်းဟောင်းများ လေ့ကျင့်ပေးခြင်းနှင့် စာမေးပွဲဖြေဆိုခြင်းများကို အပတ်တိုင်းပြုလုပ်ပေးခြင်း (Weekly Practice Sessions & Weekly Exams)
Pre-GED အရင် မတက်ရသေးဘဲ GED ကို တိုက်ရိုက် join တဲ့ ကျောင်းသားကျောင်းသူတွေအတွက် GED စတက်တဲ့ ၂ ပတ်မြောက်လောက်မှာ စာမလိုက်နိုင်တာမျိုး ဆိုရင်လည်း Pre-GED အတန်းသို့ ပြောင်းရွှေ့သင်ကြားလို့ရအောင် စီစဉ်ပေးခြင်း