General Educational Development (GED) ဆိုတာ American High School Diploma အဆင့် လက်မှတ်ဖြစ်ပြီး အမေရိကန်အထက်တန်းပညာရေးပြီးစီးမှုနဲ့ ညီမျှတယ်လို့ အသိအမှတ်ပြုတဲ့လက်မှတ်ဖြစ်ပါတယ်။ နိုင်ငံတကာမှာဆိုရင်လည်း GED Certificate လက်မှတ်ရထားတာက Grade-12 အောင်မြင်ပြီးမြောက်ထားတာနဲ့ တူညီတယ်လို့ သတ်မှတ်ကြပါတယ်။
ဒါ့အပြင် GED ဟာ အထက်တန်းကျောင်းဒီပလိုမာအတွက် အစားထိုးစာမေးပွဲတစ်ခုအဖြစ် သိရှိကြပြီး နိုင်ငံတကာမှာ GED Exam ကိုဖြေဆိုခဲ့ကြတဲ့ ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း သန်း(၂၀) ကျော်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အထူးသဖြင့် GED ဟာ ကုန်ကျစရိတ်အသက်သာဆုံး၊ အချိန်ကာလအတိုတောင်းဆုံးနဲ့ High School Diploma ရရှိနိုင်တဲ့ ပညာရေးလမ်းကြောင်းတခုလည်း ဖြစ်ပါတယ်။
GED ကို ဘယ်သူတွေ တက်ရောက်နိုင်လဲ?
နိုင်ငံခြားကောလိပ်တွေ၊ တက္ကသိုလ်တွေမှာ GED Certificate နဲ့ ဝင်ခွင့်လက်ခံတဲ့အတွက် ခုနောက်ပိုင်းမှာ ကျောင်းသားလူငယ်တွေ Study Abroad လုပ်ဖို့ အရွေးများလာကြတဲ့ လမ်းကြောင်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် အချိန်တိုတွင်း နိုင်ငံရပ်ခြားမှာသွားရောက် ပညာသင် ကြားလိုသူတိုင်း ပြင်ဆင်ထားသင့်တဲ့ စာမေးပွဲတစ်ခုလည်း ဖြစ်ပါတယ်။
ဖြေဆိုရတဲ့ ဘာသာရပ် (၄)ခုရှိပါတယ်။
သင်ကြားရေးပိုင်းနှင့် ဆရာ/ဆရာမများ
စာသင်အတွေ့အကြုံရင့်ကျက်ပြီး ဗဟုသုတပြည့်ဝတဲ့ Master's Degree ရရှိသူ
ဆရာ၊ ဆရာမများက သင်ကြားခြင်း၊ ပြန်လည်သင်ကြား ဆွေးနွေးပေးခြင်းနှင့်
သုံးသပ်ပေးခြင်းအပြင်၊ အနာဂတ်မှာ ကြုံတွေ့လာနိုင်တဲ့ ပညာရေးပိုင်းဆိုင်ရာနဲ့
လူမှုရေးပိုင်းဆိုင်ရာ အခက်အခဲများစွာကို ဖြေရှင်းနိုင်အောင် လေ့ကျင့်သင်ကြားပေးတာမို့
ဆရာ၊ ဆရာမများရဲ့အကူအညီကို ရယူသင့်ပါတယ်။
သင်တန်းကာလကို (၉) လ သင်တန်း (သို့မဟုတ်) (၆) လ သင်တန်း ရွေးချယ်နိုင်ပါတယ်။